ပထမကူကီးလေဗီး (၁၈၄၉)

 (က) ကိုလိုနီခေတ်ဦး ချင်းလက်နက်ကိုင်တပ်များ

 Anglo-Kuki War(1917-1919) in Manipur and Mizo Hills. Little know chapter of  Indian history. - Album on Imgur

ပထမကူကီးလေဗီး (၁၈၄၉)

၁၈၄၈-၁၈၄၉ ခုနှစ်တွင် ထာဒို၊ ရှင်ရှုံ၊ ချွန်ဆဲလ်၊ လုန်အုမ် မျိုးနွယ်ကြီးလေးမျိုးနှင့် အခြားမျိုးနွယ်ငယ် လေးများသည် လူရှိုင်းများ လိုက်လံတိုက်ခိုက်သောကြောင့် ကချာနယ်သို့ ပြေးဝင်လာခဲ့လေသည်။ ထိုကချာနယ်အထိ ဆက်လက်ထိပါးလာသောကြောင့် ၁၈၄၉-၅၀ ခုနှစ်တွင် Col Lister အား စစ်သည်အင်အား ၃၀၀၊ Thado, Singsong မျိုးနွယ်စုမှ အင်အားအချို့နှင့် လူရှိုင်းနယ်သို့ဝင်ရောက်ကာ လူရှိုင်းတို့အား အပြစ်ဒဏ် ပေးခဲ့လေသည်။ 

နောက်ပိုင်းတွင် လူရှိုင်းတို့၏ ကျူးကျော်မှုအားခုခံရန်အတွက် Colonel Lister သည် Thado နှင့် Singsong များအဓိကပါဝင်သော ကူကီးတပ်ရင်းတစ်ရင်းအား ၄င်းတို့ခေါင်းဆောင်နှင့်အတူ အင်အား ၂၀၀ ဖြင့်ဖွဲ့စည်းကာ စည်းကမ်းတကျ လေ့ကျင့်ပေးခဲ့လေသည်။ ၄င်းတပ်အား ကူကီးတပ်ရင်း (Kuki Levy) ဟု ခေါ်သည်။ ၄င်းတပ်ရင်းသည် ဗြိတိသျှတို့လက်အောက် ချင်းတပ်ရင်းများအနက် အစောဆုံးတပ်ရင်း ဖြစ်လေသည်။

ထို့နောက် တောင်ဖက်ကချာတောင်တန်းအား ကာကွယ်ရန်ချထားလေသည်။ ထိုတပ်ရင်းသည် တောင်ဖက် ကချာတောင်တန်းကို လူရှိုင်းတို့ရန်မှကာကွယ်ရန်သာမက မြောက်ဖက်ကချာတောင် တန်းအား အာဂမီနာဂ (Agami Naga) တို့ကျူးကျော်မှုအတွက်ပါ ကာကွယ်သူများ ဖြစ်လာသည်။ သို့သော် ၁၈၅၀ ခုနှစ်တွင် တောလည်ထွက်ရာမှ ပြန်လာသော Changsen မျိုးနွယ်ဝင်တစ်စုသည် နာဂရွာတစ်ရွာ၏ ယဉ်ကျေးမှုနှင့် ဘာသာ စကားနားမလည်သောကြောင့် ခိုက်ရန်ဖြစ်ကြရာ ခေါင်းဆောင်အသတ်ခံ လိုက်ရလေသည်။ 

ထိုအတွက်ကြောင့် ထိုအဖွဲ့အားအနားပေးလိုက်သည်။ ထိုနောက် ကူကီးစစ်သည်လူပေါင်း ၃၀၀ ခန့်စုဝေးပြီး၊ လက်စားချေခြင်းဖြစ်ပွားလာသောကြောင့် အစိုးရမှ ပြစ်ဒဏ်ပေးခဲ့လေသည်။ ထိုနာဂကျေးရွာမှ နေထိုင်သူများပြားစွာ သေဆုံးရလေသည်။

ဒုတိယ ကူကီးလေဗီး (၁၈၈၀)

၁၈၈၀ ခုနှစ် မြောက်ကချာတောင်တန်းတွင် နာဂတို့၏ ဆီနှင့်အခြားအရာများအတွက် ကျူးကျော် ဝင်ရောက် လာသည့်နောက်တွင် ကူကီးစစ်သည် (၁၀၀) ဖြင့် ကူကီးတပ်ရင်းအားဖွဲ့စည်းလေသည်။ ထို ကူကီးတပ်အား အသုံးပြုကာ တောင်တန်းနေကချာလူမျိုးအချို့၏ ပုန်ကန်မှုအား Maibong တွင်တိုက်ခိုက်စေခဲ့ပါသည်။ ထိုကူကီး စစ်သည်တော်များမှာ ပတ်ဝန်ကျင်မျိုးနွယ်များထက် ခွန်အားအရာကြီးမားကြကာ စစ်တိုက်ခြင်းအား ၀ါသနာထုံလေသည်။

ခေါင်ဆိုင်တပ်ရင်း (၁၈၇၅)

၁၈၇၅ ခုနှစ် ဧပြီ ၂၁ ရက် တွင် တောင်ဖက်မှ ကမ်ဟောင်ကူကီး(Sooties or Kamhow Kookies) တို့၏ အရေး အား နှိမ်နင်းရန်အတွက် မဏိပူရစစ်သည် ၂၀၀၀ နှင့် ခေါင်ဆိုင်စစ်သည် (Khongjais)  ၄၀၀ စုစုပေါင်း ၂၄၀၀ အား Majors Sewai Jambai နှင့် Tangal တို့ဦး ဆောင်ခြင်းအားဖြင့် ချီတက်တိုက်ခိုက်ပါသည်။ နာဂစစ်သည် အနည်းငယ်လည်းပါဝင်ကြောင်းဖော်ပြထားပါသည်။ ထိုမှတ်တမ်းတလျောက်တွင် #ခေါင်ဆိုင်စစ်သည်များ (Khongjai sepoys) အဖြစ် မှတ်တမ်းတင်ထားပြန်ပါသည်။ ခေါင်ဆိုင်အမည်မှာ ကသည်းတို့က ထာဒို-ကူကီး ချင်းတို့အား ခေါ်သော အမည်ဖြစ်လေသည်။

0 Comments:

Post a Comment