(2) ကိုလိုနီခေတ်လယ် ချင်းလက်နက်ကိုင်တပ်များ

 7th Burma Rifles

ချင်းတောင်စစ်ပုလိပ်အဖွဲ့ (၁၉၀၈)

ချင်းတောင်တွင် ပထမဆုံးစစ်ပုလိပ်တပ်ဖွဲ့အား ၁၉၀၈ ခုနှစ်တွင် စီးယင်းနယ်တွင် စတင်ဖွဲ့ စည်းသည် ဆိုလေသည်။  ဟားခါးတွင်လည်း ၁၉၁၄ တွင် တပ်သား ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့လေသည်။

ချင်းအလုပ်သမားတပ် (၁၉၁၇-၁၉၁၈)

ပထမကမ္ဘာစစ်ဖြစ်လာသောအခါ အဂ်လိပ်တို့သည် ချင်းတောင်နှင့်လူရှိုင်းတောင်တန်းမှ လူသူစုဆောင်းကာ ပြင်သစ်စစ်မြေပြင်သို့ပို့လေသည်။ ၎င်းအား အလုပ်သမားတပ် (Labour Corp) အဖြစ် ခေါ်လေသည်။ တီးတိန်နှင့်စီးယင်းနယ်မှ အင်အား (၁၀၀၀)၊ ဖလမ်းမယ်မှ (၂၅၀)၊ ဟားခါး ထန်တလန်နယ်မှ (၇၀) စုဆောင်းကာဖွဲ့စည်းလေသည်။

Sujte နှင့် Siyin နယ်မှ ရဲဘော်များအား အမှတ် (၆၁) အလုပ်သမားတပ်ရင်းအဖြစ်လည်းကောင်း၊ Kamhau နယ်မှ ရဲဘော်များအား အမှတ် (၆၂) အလုပ်သမားတပ်ရင်းအဖြစ်လည်း ကောင်းခေါ်ဝေါ်လေသည်။

ကူကီးများ၊ လိုင်၊ မရာ၊ လောက်တူ၊ ဆင်ထန်း၊ ဇိုဖေးနယ်များတွင် ထိုဆင့်ခေါ်မှုအား မကြေနပ် သောကြောင့် အကြီးအကျယ် ပုန်ကန်မှုဖြစ်ပွားခဲ့လေသည်။ ဖလမ်းရဲဘော် (၃၀၀) ခန့်မှာ စစ်ကိုင်းတွင် စစ်ပြီးသည်အထိ နေရလေသည်။ အကုန်လိုက်ပါသွားခြင်းမရှိပေ။

ထိုအချိန်တွင် ဗမာ၊ ကရင်၊ ချင်း၊ ကချင် အများစုဖြင့်ဖွဲ့စည်းထားသော အမှတ် (၇၀) နှင့် အမှတ် (၈၅) ဗမာ့သေနတ်ကိုင် တပ်ရင်းများသည် မက်ဆိုပိုတေးမီးယားနှင့် ပါလက်စတိုင်း စစ်မြေပြင်များတွင် တိုက်ခိုက် ကြလေသည်။

လူရှိုင်းအလုပ်သမားတပ် (၁၉၁၇-၁၉၁၈)

၁၉၁၅ တွင် လူရှိုင်းလူငယ် ၃၀ သည် အမှတ် (၈) Army Bearer Corp တွင်ဝင်လာကာ မက်ဆိုပိုတေးမီးယား စစ်မြေပြင်သို့ လိုက်ပါခဲ့ဖူးလေသည်။ ၎င်းတို့အနက် (၇) ဦးအသက်ပေးခဲ့ရလေသည်။

၁၉၁ရတွင် လူရှိုင်းချင်းများကိုလည်းစုဆောင်းက ပြင်သစ်စစ်မြေပြင်သို့ပို့လေသည်။ အိန္ဒိယအလုပ် သမားတပ် လက်အောက်တွင် လူရှိုင်းအလုပ် သမားတပ်အား အမှတ်(၂၇) လူရှိုင်း အလုပ်သမား တပ်အဖြစ် ခေါ်သည်။ နောက်ပိုင်းတွင်အမှတ် ၂၆၊ ၂၇၊ ၂၈၊ ၂၉ တပ်ခွဲများအဖြစ်ပြောင်း လဲဖွဲ့စည်းလေသည်။ စုစုပေါင်း(၂၁၀၀) ခန့်ဖြင့်ပါဝင်ဖွဲ့စည်းလေသည်။ ၁၉၁၈ တွင်ပြန်ရောက်လာပြီး ရဲဘော်(၇၁) ဦးဆုံးရှုံး ခဲ့ရလေသည်။

0 Comments:

Post a Comment