၁၉၂၂ ခုနှစ် ဗမာသေနတ်ကိုင် တပ်ရင်းနှင့် ချင်းရဲဘော်များ

2nd Chin Rifles

ဗမာသေနတ်ကိုင်ရင်း အမှတ် ၇၀ နှင့် ၈၅ တို့မှရဲဘော်များဖြင့် ဗမာသေနတ်ကိုင်ရင်းအမှတ် (၂၀) အား ၁၉၂၂ တွင် စတင်ဖွဲ့စည်းကာ အိန္ဒိယစစ်တပ်၏ လက် အောက်တွင် ထားလေသည်။ ရင်း (၇၀) နှင့် ရင်း (၈၅) တို့သည် ပထမကမ္ဘာစစ်တွင် ဖွဲ့စည်းထားခြင်းဖြစ်ကာ မက်ဆိုပိုတေးမီးယား၊ အေဒင်နှင့် အီဂျစ်စစ်မြေပြင်တွင် စစ်မှုထမ်း ခဲဲ့လေသည်။ 

၁၉၃၇ တွင် အိန္ဒိယမှ လက်ပြောင်းလွှဲကာ ဗမာသေနတ်ကိုင်ရင် (၁၁) အဖြစ်ပြောင်းလဲလေသည်။ မူလက ဗမာ၊ ကရင်၊ချင်းနှင့် ကချင်ရဲဘော်အများစုဖြစ်ကာ ဂေါ်ရခါးရဲဘော်အနည်းငယ် ပါဝင်လေသည်။ ၁၉၂၇ တွင် ဗမာရဲဘော်များပါဝင်ခွင့်ကို ရပ်တန့်လိုက်လေသည်။ ကိုလိုနီခေတ်လယ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ဗြိတိသျှ လက်အောက်ခံ ဗမာလက်နက်ကိုင်တပ်ရင်း (၁၀) ရင်း (Burma Rifle) ဖွဲ့စည်းရာတွင် တိုင်းရင်းသား များအနက် ကရင်၊ ချင်း၊ ကချင်များက အများစုဖြစ်လေသည်။

၁၉၂၃ နှင့် ၁၉၃၇ အကြားတွင် ဗမာသေနတ်ကိုင်တပ်ရင်းတိုင်းတွင် တပ်ခွဲလေးခုဖြင့် ဖွဲ့စည်းထားပြီး တပ်ခွဲနှစ်ခုမှာ ကရင်ရဲဘော်များဖြစ်ကာ ချင်းနှင့် ကချင် တပ်ခွဲ တစ်ခုစီဖြစ်လေသည်။ ၁၉၂၅ ခုနှစ်တွင် ဖွဲ့စည်းသည့် ဗမာ့သေနတ်ကိုင်တပ်ရင်းများတွင် လေးပုံတစ်ပုံသည် ချင်းအမျိုးသားများဖြစ်သည်ဆိုလေသည်။ Urdu အား ဆက်သွယ်ရေးသုံးအဖြစ်အသုံးပြုခဲ့လေသည်။ ဗမာသေနတ်ကိုင်းရင်း (၃) အား ကချင်-ချင်း တပ်ရင်း အဖြစ် ခေါ်လေသည်။ 

ဂျပန်များအားခုခံရန် ထိုတပ်ရင်းမှ တပ်ခွဲနှစ်ခွဲအား မော်လမြိုင်ဖက် သို့စေလွတ်ခဲရာ ချင်းရဲဘော် (၃၀) သာပြန်ရောက်လာနိုင်လေသည်။ ဂျပန်များဝင်လာကာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပြီးသည့်နောက် အမှတ် (၃) တပ်ရင်းမှ ကချင်ရဲ ဘော်များအား အမှတ် (၅) ဗမာသေနတ်ကိုင်တပ်ရင်းသို့လည်းကောင်း၊ ချင်းရဲဘော် များအား အမှတ် (၂) ဗမာသေနတ်ကိုင် တပ်ရင်း သို့လည်း ကောင်းပြောင်းရွေ့လိုက်လေသည်။ ကရင်ရဲဘော်အချို့အား အမှတ် (၄) ဗမာသေနတ်ကိုင် တပ်ရင်းသို့ လည်း ကောင်းပြောင်းရွှေ့လေသည်။

ဂျပန်များ ထိုးစစ်ဆင် ဝင်ရောက်လာသောအခါ မြန်မာနိုင်ငံအောက်ပိုင်း ယိုးဒယာနယ်စပ်တလျောက်မှ စတင်ကာ ခုခံစစ်ဆင်သော တပ်များမှာ အထူးသဖြင့် ကရင်၊ ချင်း၊ ကချင်နှင့် ဂေါ်ရခါးများပါဝင်သော ဗမာ သေနတ်ကိုင်တကးပ်ရင်းများဖြစ်လေသည်။ အထူးသဖြင့် စစ်တောင်းမြစ်တိုက်ပွဲမှာ ထင်ရှားလေသည်။

အမှတ် (၂) ဗမာသေနတ်ကိုင်တပ်ရင်းသည် ဆုတ်ခွာရာ အိန္ဒိယသို့ကောင်းစွာရောက်ကာ ကျန်ရှိသော အမှတ် (၁) အမှတ် (၄) အမှတ် (၅) အမှတ် (၉) အမှတ် (၁၀) ရင်းများမှ လက်ကျန်များနှင့်ပေါင်းကာ ခုခံရေးတပ်များ ပြန်ဖွဲ့လေသည်။ နောက်ပိုင်းတွင် Wingate ၏ ချင်းဒစ် (Chindits) စစ်ဆင်ရေးတွင် အထူး သဖြင့် First and Second Chindit Operation အဖြစ် ပါဝင်ရလေသည်။ 

ထိုဗမာသေနတ်ကိုင် (၂) အတွင်းမှ ချင်းစစ်သည်များဖြင့် နောင်တွင် ချင်းလေဗီး (Chin Levies) များအား ဖွဲ့စည်းကာ လူရှိုင်းတပ်မအောက်တွင် စစ်ဆင်ရေး အတွက်အသုံးပြုလေသည်။ ဗမာသေနတ်ကိုင်အမှတ် (၁) မှ ချင်းရဲဘော်များသည်လည်း ကလေးနယ် အင်းဘောင်အရောက်တွင် ချင်းလေဗီးများသို့ပူးပေါင်းသွားလေသည်။ ကချင်များလည်း ကချင်လေဗီးသို့ ပြောင်းကြလေသည်။ ချင်းလေဗီးတွင် Hakha Levies, Falam Levies, Shaws Levies များ ပါဝင်လေသည်။ ထို့လေဗီးများသည် နောင်တွင် ချင်းသေနတ်ကိုင် တပ်ရင်းများ ဖြစ်လာ မည့် ရှေ့ပြေးတပ်ရင်းများဖြစ်လေသည်။

0 Comments:

Post a Comment