'မြို'

 CHIN ETHNIC WOMAN TRADITIONAL DRESS LARGE Editorial Stock Photo - Stock  Image | Shutterstock

ရခိုင်ရာဇဝင်ကျမ်းများ၏ ဖော်ပြချက်အရ မြိုလူမျိုးများသည် ရှေ့ကျသောလူမျိုး တစ်မျိုးဖြစ် ပါသည် ရခိုင်ပြည် မြောက်ပိုင်းဒေသ အနံအပြား နှင့် ချင်းပြည်နယ် ပလဝမြို့ နယ် ဒေသများတွင်ပြန့်ကြဲ နေထိုင်လျက် ရှိကြပါသည် မြိုလူမျိုးများသည် သီးခြား ဘာသာ စကား ယှဉ်ကျေးမူ ထုံးတမ်းစဉ်လာဖြင့် တိုင်းရင်းသား လူမျိုးစုတစု အဖြစ် ရေ ကြည်ရာမြက်နုရာ ဒေသများသို့ ယနေ့တိုင် ရပ်တည်နေထိုင် လျက်ရှိပါသည်။


မြန်မာကျေက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂-ခုနှစ် နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ စာကြောင်းရေ (၂၀)တွင်လည်း တွေ့ရပါသည် ထို့နောက် ရခိုင် ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး ဓညဝတီရာဇဝင်သစ် မာရာယုနှင့်ဗေဒါရှင်းတမ်းစသော ကျမ်းဂန်များ၌ လည်းကောင်း အချို့သောစာအုပ် စာပေ များတွင် လည်းကောင်း မြိုလူမျိုးများ အကြောင်းကိုရေးသားရာ၌ မြို ဟူသောဝေါ ဟာရ အပြင် မြုံ ဟူ၍လည်းကောင်း မြုန် ဟူ၍လည်းကောင်း မြုပ် ဟူ၍လည်းကောင်း မြူ ဟူ၍ လည်းကောင်း မြို ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်း ဟန်များဖြင့် လည်း ရေးသား ထားပါသည်။
 
မြုံ မြုန် မြုမ် မြူ ဟူသည့် စာလုံးပေါင်းဟန်များသည် မြို လူမျိုးများကိုပင် ရည်ညွန်းရေး သား ထားခြင်း ဖြစ်မည်ဟု ယူဆရပါသည် ထိုကြေင့် မရို မြို ဟူသောအသံထွက်နှင့် အခေါ်အဝေါ်များသည် တစ်ခြားသော တိုင်းရင်းသား( ရခိုင်) တို့ကခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည် မြိုမျိုးတို့က မိမိတို့လူမျိုးကို ရည်ညွန်းခေါ်ဝေါ် လိုသောအခါ (Mru မရု ) ဟူသော အမည်ကို သုံးစွဲကြပါသည် မြို (မရို )တို့သည် သူတို့ကိုသူတို့ မြူဆာ ဟုခေါ်သည် လူ ဟု အဓိပ္ပယ်ရသည် မီးချောင်းနှင့် သမိန်ချောင်းဖျား တဝိုက် တွင် နေထိုင်သူများ ကို တောင်မြို ဟူ၍လည်း ခေါ်ပါသည် မီးချောင်း နှင့် သမိန်ချောင်းဝ တဝိုက်တွင်နေထိုင် သူများကို မရု Mruဟု ခေါ်သည်။
 
ကိုးကားချက် -အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း ရန်ကုန် ဟံသာဝတီ ပုံနိုပ်တိုက် ၁၉၆၅ ခု စာ ၇ နောင်ကိုးကားလျင် အဒူမင်းညို ဧချင်းစစ်ကိုင်းထူပါရုံကျောက်စာ စာကြောင်းရေ ၂၀-၂၃-၈၀၄ ခရစ်နှစ် ၁၄၄၂
မြို ဆိုသည်မှာ ရခိုင် လူမျိုးများက ပေးထားသော နာမည်ဖြစ်သည် မြို လူမျိုးတို့ ၏ အကြေင်းကို ရေးသားမည်ဆိုလျင် မြို နာမည်(၃)မျိုး ၎င်း (၃)မျိုးတို့သည် တစ်မျိုး နှင့် တစ်မျိုး သဘော သဘာဝ အားဖြင့်ကောင်း ရိုးရာဓလေ့ထုံးစံ ယှဉ်ကျေးမူအားဖြင့်လည်းကောင်း ဆက်နွယ်လျက် အနည်းအများ တူညီမူ ရှိသောကြောင့် မြိုလူမျိုးတစ်မျိုးတည်း၏ သမိုင်း‌ကြောင်းကို ရေးသားလျင် မပီပြင် နားမလည် နိုင်မည်စိုး၍ မြို လူမျိုး နာမည်(၃ ) မျိုးရှိကြောင်း တို့ကို အောက်ပါအတိုင်း ဖော်ထုတ်ရေးသားလိုက်ပါသည်။
 
(၁) မြို (Mro) ဟူ၍လည်းခေါ်သည် ၎င်းတို့သည် ကျေက်တော်မြို့နယ် မြောက်ဉီးမြို့နယ် ပုဏ္ဏားကျွန်း မြို့နယ် ပေါက်တောမြို့နယ်ဘူသီးတောင်မြို့နယ်များ၌နေထိုင်ကြသည်။ (၂) မရု (Mru)ဟူ၍လည်းခေါ်သည် (၃)မြုံ (Murong)ဟူ၍လည်းခေါ်သည် ခမီတို့က ( ဒါး) dhanna ဟူ၍ လည်းခေါ် ကြ သည် လွတ်လပ်ရေး မရမည် နှင့် ရပြီး တွင်လည်းအောက်ပါအတိုင်ခေါ်ကြလေသည်။
 
ဖ ဆ ပ လ ခေတ် မူလတန်းပညာရေး ပထဝီဝင်စာပေတို့၌လည်း တောင်မြို ဟုလည်း ရေး သားခေါ်ဝေါ် ထားသည် ၎င်းတို့သည် ပုဏ္ဏားကျွမ်းမြို့နယ် ဘူးသီးတောင်မြို့ နယ် မောင်တောမြို့နယ် နှင့် ဘင်္ဂလား နယ် စစ်တကောင်းခရိုင် ဗန္ဒာရဘန် နှင့် အိန္ဒိယ နယ်စပ် Bengel ဘင်္ဂါ အရပ်ဒေသတို့တွင် ပြန့်ကျက် နေထိုင် ကြ သည်။
 
ဤလူမျိုး နာမည်(၃)မျိုး တို့ကို နှောင်းခေတ် သမိုင်းဆရာတို့ကို ရခိုင်ပြည်နယ်ရှိ ရှေ့ကျသော လူမျိုး နာမည်(၃)မျိုးတို့အား ပီပီပြင်ပြင် မရေးတော့ဘဲ အဆိုပါ မြို (၃) မျိုးလုံးတိုကို မြို ဟူသောဝေါဟာရ တစ်လုံးတည်းဖြင့် ရေးသားခေါ်ဝေါ်ခြင်း သာဖြစ်ပါသည်။
 
U Ba Myaning The N orthern Hill of Ponnagyun Township Journal of Burma Research sorcery vol.xxiv,yangon ,1933 p,125 U Ba Thein ,Sensus of India 1931 ,vol xi part -1 Burma Report ,P 254
အထက်ပါ(ခေါ်မု ၀ထ္ထု)အတိုင်း သက်လူမျိုး ဒိုင်းနက်လူမျိုး ရာဇဝင်တို့တွင်လည်း မြို လူမျိုးတို့၏ ရိုးရာသီချင်းကို မှတ်းတင်ရေးသားထားသော ရှေးဟောင်းပေမူ ဂီ-ချပ် ရေး ကိုလည်း လေ့လာနိုင်ပေသည် မြို ဟူသော ဝေါ်ဟာရ၏ ရင်းမြစ်ကို ထပ်မံရှာဖွေ ကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရှိနိုင်ပါသည်။
 
(၁) မောင်တောမြို့နယ် ဘူးတီးတောင်မြို့နယ် ပုဏ္ဏားကျွမ်းမြို့ရှိ မြို လူမျိုးတို့သည် မိမိတို့လူမျိုးကို မြိုစာ ဟုခေါ်ဝေါ်ကြကြောင်း သိရှိရပါသည်။
 
(၂) မဇ္စိုမဒေသ ကုသဝတီပြည်ရှင် တုဓမ္မတူ၏ သားတော်မင်းသားခေါ် စာပတီ သည် နောက်လိုက်အင်းအား တစ်သောင်ခန့်ကို ဉီးဆောင်၍ အိမ်ထောင်နယ်ဘက်တွင် တိမ်းရှောင်ပြီး အာသံဘုရင်၏ ခွင့်ပြုချက် အရအချိန်အတန်ကြာ အခြေစိုက် နေ ထိုင် ခဲကြသည် ထိုသို့ နေထိုင်စဉ် တစ်ခြားသော မျိုးနွယ်စုများ ၏ ဘေးရန်နှင့် သဘာ ဝ ဘေးအန္တရာယ် တောတောင် သားရဲတို့၏ ရန်စွယ်များကို ကာကွယ်ရန် အလိုငှါ ခြံ စည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြသည် သာသဲနယ်ဘက်မှနေ၍ ကစ္ဆပနဒီ မြစ် ညာဒေသ များသို့ ရေကြည်ရာ မြက်နုရာ ရွေးလျားလာပြီး နောက်တွင် ဗလိုင်ခေါ် သည့် အရပ်၌ အခြေချခဲ့ကြသည် ခေါ်စာပေတီသည် မင်းသမီး ဟုတ်လော်ကို လက်ဆက်၍ မင်းအဖြစ်ခံယူလေသည်။
 
 နောက်လိုက် နောက်ပါများလည်း ခြံစည်းရိုးအတွင်းမှ ထွက် ခွာ၍ ဝန်းကျင်အနီးအနားများတွင် အခြေချ၍ အိမ်မြေနေရာသစ်ကို ထူထောင်ခဲ့ ကြ သည် ထိုသို့မြေယာသစ်တွင် အခြေချနေထိုင်သော်လည်း မိမိတို့အလေ့အကျင့် ရှိနေ ပြီဖြစ်သောကြောင့် ခြံစည်းရိုးခေတ် နေထိုင်းခြင်း အလေ့ကိုဆက်ခံ ထိမ်းသိမ်း ထား ကြလေသည် ဤကဲ့သို့ မြိုလူမျိုးတို့သည် ကုဿဝတီပြည်ကြီး ပျက်စီးပြီးနောက် အာသံနယ် ဘက်မှ တဆင့် ကစ္ဆပနဒီ မြစ်ညာဒေသများသို့ အခြေချနေထိုင်လာခဲ့သည့် ကာလအ ပိုင်း အခြားမှ မြန်မာ နိုင်ငံ လွတ်လပ်ရေးမရမည် ကာလအထိ မြိ့ရွာတည်ဆောက်သည့် အခါတိုင်း ခိုင်မာသောခြံစည်း ရိုးခတ် ၍ နေထိုင် ခဲ့ကြလေသည်။
 
ခြံစည်းရိုး(ရ)ထပ်ကာရံပြီး အခိုင်အမာ နေထိုင်ခြင်းကို မြိုဘာသာစကားဖြင့် မရုနယ် အအယ်ဒီ ဟူ၍ ခေါ်ဆိုလေသည် ခြံစည်းရိုးပြုလုပ်သည်ကို မရူးရောက်ဒီ ဆရီ အအယ်ဒီ ဟူ၍ လည်းခေါ်ဝေါ်လေသည် မရူ ပြုလုပ်၍ နေထိုင်သောလူမျိုး တစ်နည်း ခြံစည်းရိုးဖြင့်နေထိုင်သူများ ဟူသည့်အနက်ကို ရည်ညွန်း၍ မရူ မှ မရိုသို့ လည်းကောင်း မရိုဆာ မ ှမြိုဆာ မြိုစာ သို့လည်းကောင်း အဆင့်ဆင့် ပြောင်းလဲလာပြီး ကာလ ကြာမြင့်သောအခါ မြို ဟူ၍ပြောင်းလဲရွေ့လျားလာဟန် ရှိပါသည်။
 
ကိုးကားချက် ဤကား ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ သင်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီ နယ်သား ဒိုင်းနက်အမျိုး သားဖြစ်သူ (ဉီးအဉ်ဒရာ ကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက် ဘာသာစကား စက္ကမ သက်ဘာသာ စကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီးကူးယူခဲ့သည်၊၊
 
 တိူင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်း နှင့် ယှဉ်ကျေးမှု ဖော်ထုပ်ရေးအဖွဲ့ ရခိုင်ပြည်နယ် အဖွဲ့ခွဲ အမှတ်(၁)၏ လေ့လာတွေ့ရှိချက် စာတမ်း ရခိုင်တိုင်းရင်းသားလူမျိုးများ အကြောင်းနှင့် တိုင်းခွဲအကြို ဆွေးနွေးပွဲမှတ်တမ်းမြိုလူမျိုးတို့သည် အာသံနယ်ဘက်မှတဆင့် ကုလားတန်မြစ် ဖျား ရေကြည်ရာ မြက်နု ရာဒေသ များသို့ တရွေ့ရွေ့ပြောင်းရွေ့ ရောက်ရှိလာသူများ ဖြစ်ကြသည်အလျောက် မိမိတို့အဆင့်ဆင့် ဝင်ရောက်လာရသည့်လမ်းသည် ယစ်မာ (ခေါ်) မြစ်ရိုးအတိုင်း စုန်ဆင်း လာရခြင်းဖြစ်သည် ယင်း ယင်းမာ မြစ်ရိုးမှတဆင့် ရခိုင်ပြည်နယ် မြောက် ပိုင်း ဒေသ များသို့ ပျံ့နှံ့ရောက်ရှိလာကြရသည်။
 
 ထိုသို့လာလမ်းကို အစွဲပြု၍ မြစ်မရိုး မှလာသူများ ဟူသည့်အဓိပ္ပာယ်ကို ညွန်းလို၍ တစ်ခြာသော တိုင်းရင်းသား (ရခိုင်)တို့က မြစ်မရိုး (သို့)မြစ်ကိုချေ၍ မရို ဟူ၍ လည်းကောင်း တစ်နည်း မြစ်ရိုးမှ အစ် သဒ္ဒါ ကိုချေ၍ မြစ်ရိုး ၎င်းမှ မြိုး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြရာမှ ကာလကြာမြင့်လာသော အခါ မရို မှ မရို ၎င်းမှ မြိုး မြို့ မှ မြို ဟူ၍ တဖြည်းဖြည်း ရွေ့လျောပြောင်းလဲ လာဟန်ရှိသည်။
 
အထက်ပါအချက်များကို ခြုံငုံသုံးသပ်ကြည့်သောလျင် မြို ဟူသောဝေါ်ဟာရ၏ ရင်းမြစ် သည် မရု (ခြံစည်း ရိုး) ဟူသော စကား မြစ်မရိုး (သို့)မြစ်ရိုး ဟူသော ဝေါ်ဟာရများ မှာ ပြောင်းလဲ ဆင်းသက် လာကြောင်း ထင်ရှားပါသည် သို့ရာတွင် မြံု မြုန် မြုမ် ဟူသောဝေါ်ဟာရအတွက်မူ အံဝင်ဆီလျှော်မူ မရှိ တော့ပါ။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်ရှိ ကုလားများက မြိုလူမျိုး များကို မြိုဂျာ ဟုခေါ်ဝေါ်ကြောင်း အထက်တစ်နေရာ၌ ဆိုခဲ့ ပါ သည် ထိုအခေါ်မှ မြို ဟူ၍ ပြောင်းလဲ လာခြင်း လော့ ဟူ၍လည်းတွေး ထင်ဖွယ်ဖြစ်ပါ သည်။
 
မြို လူမျိုးတို့၏ ဆင်းသက်လာရာ လမ်းကြောင်း ကို လေ့လာကြည့်သော အခါ အောက် ပါအတိုင်း တွေ့ရပါသည် ဘာသာစကားအရ မြိုလူမျိုးများသည် တိဘက်-မြန်မာ အနွယ် ဝင်များဖြစ်ကြပါသည်။ မြန်မာနိုင်ငံအတွင်းသို့ တရုပ်နိုင်ငံ အနောက်မြောက်ဘက်မှ တစ်ဆင့်မြောက်ဘက် သို့ ရွှေ့လျှားလာပြီး ၎င်းမှတဆင့် ဝင်ရောက်လာကြဟန် တူပါသည် အချို့ပညာရှင်များ ၏ အယူအဆအရ မြိုလူမျိုးဟု အမည်တွင်လာမည် လူစုသည် မွန်ဂိုဒေသမှတစ်ဆင့် အနောက်မဇ္စိုမဒေသသို့ ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ တစ်လျောက်စုရုံးအခြေချ နေထိုင်ခဲကြဟန်တူပါသည်။
 
ကိုးကားချက် ....။ မောင်စာခေါင်-မြိုဘာသာစကား-စာ-၁၅
Shafer Robert The Linguistic Relationship of Journal of Mru Burma Research Society vol.xxi 1941.p-60 John Stuart,Burma Though The centuries, London, Kagan Paul Trench Turbner,1910.p-1
ရှေးက မြို တို့ဒေသမှာ ရေရှားပါးသဖြင့် ဆည်ရေ တာတမံရေ တူးကြရသည် အန္ဒိယ လူမျိုးများက ထိုတာတမံများကို ဗန္ဓရဗန် ဟုခေါ်ကြသည် ဗန္ဒရ=မျောက်-ဗန် ဆည် အဓိပ္ပယ်မှာ မျောက်ဆည် ဟူ၍ ဖြစ်သည် ဗန္ဓရဇာတိ-ဗန္ဓရဗန် ဟူသော စကားလုံး များသည် ရှေးကျသော မဇ္စှိုမဒေသသုံး စကားများ ဖြစ်ကြ ပါသည်။
 
 အဓိပ္ပာယ်မှာ မျောက် လူမျိုး မျောက်ဆည် ဟူ၍ဖြစ်သည် ရှေးက လူမျိုးတို့သည် အလျား(၁၂)တောင် အနံ(၁) ခန့်ရှိသောတောင်ရှည်ပုဆိုးကို ဝတ်ဆင်ကြပါသည် ဝတ်ဆင်ပုံမှာ တစ်စွန်းဖြစ်သော ရှေ့ဆံမြီးကို အတိုထား၍နောက်တစ်စွန်းကို ခါးတောင် ကျိုက်ပြီး နောက်ဆံမြီး ကိုအရှည်ထား၍ ဝတ်ဆင်ကြပါသည် ဆင်းရဲသားများသည် နောက်ဆံမြီး ကို မြေကြီး ပေါ် မှာ တစ်တောင်ခန့် လူးလိမ့်တွဲလောင်းကြအောင် ထားတတ် သည် တောင်မင်းကြီးဖြစ် လျှင် နောက်ဆံမြီးကို(၅)တောင်ခန့်ထား၍ ဝတ်ကြ သည်။
 
တောင်မင်းကြီးဖြစ်လျှင် မြိုလူမျိုး (၃)ယောက်တို့က အမြီးကိုပွေ့မပြီး လိုက်ကြရသည် ထိုကဲ့သို့ အမြီး အရှည်ထားသောကြောင့် မဇ္စီုမဒေသ(အိန္ဒိယလူမျိုး)များက ဗန္ဓရဇတိ သည် မျောက်မျိုးဟုဆိုခြင်းဖြစ်သည်
အထက်ပါ သုံးသက်ချက်ကို ခိုင်လုံစေသည့် အချက်တစ်ခုမှာ -ဤခောတ် တွင် သမိုင်း မတင်မည် ခောတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသများကဲ့သို့ပင် ဘီလူးဟု သိနေ ကြသော သြစတြလွိုက် လူမျိုး နွယ်ဝင်များ နေထိုင်ခဲ့ဟန်တူခဲ့သည်ယင်းရှေ့ လူတို့ နေ ထိုင် ခဲ့ရာသို့ တိုင်းရင်းသား လူမျိုးတစ်စုများသည် မြောက်ဘက် မဏီပူရလောက် မှစ ၍ တောင်ဘက် ရခိုင် ကမ်းခြေဒေသအထိ မြောက် မှ တောင်ဘက်သို့ ကူလားတန်နှင့် လေးမြို့မြစ်ဝှမ်း များသို့ ရွှေ့လျားပြောင်းရွှေ့ သွားလာနေထိုင်ခဲကြပေသည်။
 
 မြောက် မှ ဆင်းလာသူတို့သည် ပင်လယ်ကို ရင်ဆိုင်တိုး ရသောအခါ အနောက်မြောက်ဘက် ဆီသို့ တစ်ဖန်ရွေ့ခဲ့ကြပြန်သည် ဤသို့ဖြင့် ရှေးဟောင်းမျိုးတူစုတို့သည် စစ်တကောင်းတောင်တန်း ဒေသ (အရှေ့ ပါကစ္စတန်)သို့ ရောက်ခဲ့ကြောင်း ရှေးအကျဆုံးဟု ယူဆ ရ သူတို့မှာ မရုများ သက် များနှင့် ချင်း အစုဝင် များဖြစ်ကြသည် မြို အမည် တွင်လာမည့် လူမျိုးများသည် အနောက် မဇ္စိုမဒေသတွင် မြို့ပြ တည်ထောင်ပြီး နေထိုင်ခဲ့ကြသည်ဟု ယူဆရပါသည် မဇ္စိုမဒေသ မြို့ပြနိုင်ငံများထဲတွင် ကုဿဝတီ ပြည်သည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။
 
ဤတိုင်းပြည်ကို ဘုရင်ဝရဗမ္မတူမင်းကြီး အုပ်စိုးခဲ့သည်ဟု ဆိုပါသည် ထိုစဉ်က မည်သည့် လူမျိုးဟု ခေါ်တွင်သည်ကို မသိရပါ သို့ရာတွင် ယင်းအချိန်ကာလသည် အနောက် မဇ္စိုမဒေသ၌ အာရိယဉ် ယဉ်ကျေးမှု မထွန်းကားမီ ကာလဖြစ်မည်ဟု ဆိုနိုင်ဖွယ်ရှိပါ သည် အရိယဉ် ယဉ်ကျေးမှု အယူအဆ ကွဲပြားလာမှုကြောင့် အချင်းချင်းစစ် တိုက် အနိုင် ယူကြသည့် အချိန်ဖြစ်ပါသည် ထိုသို့ စစ်မတ်ပြု၍ အနိုင်အထက်ပြုကြသော အချိန်တွင် ကုဿဝတီပြည်ကြီးကိုလည်း အခြားတစ်ပါးသော မင်းများက စစ်ခင်းလေ သည် ပြည်ကြီးပျက်စီး၍ ဘုရင်တုဓမ္မတူသည်လည်း ထွက်ပြေးတိမ်းရှောင်ရလေသည်။
 
ကိုးကားချက် မောင်မောင်တူ မြိုလူမျိုးစု
လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း ရန်ကုန်စာပေ ပုံနှိပ်တိုက် ၁၉၈၀ စာ၂ နောင်ကိုးကားလျင် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိလူမျိုးစာများ အခြေပြနိုင်ငံရေးသမိုင်း အတွဲ(၁) ရန်ကုန်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ၁၉၇၀ စာ-၁၉၄ နောင်ကိုးကားလျင် အခြေပြုမြန်မာနိုင်ငံရေး သမိုင်းဟုဖော်ပြပါသည်။
 
Dr.Daw Thin Kyi Arakanese Capital;A Preliminary of their Geographic Siting.JBRS,L 111 ii Dec1970 p4 မြို လူမျိုးဟု အမည်တွင်လာမည့် လူစုကို မင်းကြီး၏ သားတော် ခေါ်စာပတိ ဉီးဆောင် ကာ မြောက်ဘက်အာသံပြည်သို့ ခိုလုံရန်ထွက်ပြေး လာခဲ့ကြသည် ၎င်းအာသံပြည် ၌ နေစဉ်အတွင်း မိမိတို့လူစု မပြိုကွဲစေရန်နှင့် သဘာဝဘေးအန္တရာယ် သားရဲတိစ္ဆာန် များ ၏ ရန်မှကာကွယ်ရန် အလိုငှါ ခြံစည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြလေသည် မင်းသားခေါ် စာပတိသည် မိမိ၏နောက်လိုက် အပေါင်းအပါများ စားဝတ်နေရေး ခက် ခဲ လာသည်က တကြောင်း အာသံပြည်တွင် ဆက်လက် နေထိုင်ခွင့် မရတော့၍ လည်းကောင်း မိမိ၏လူစုများကို ရေကြည်ရာ မြက်နုရာဒေသသို့ ထွက်ခွါ သွားလာ ခွင့်ပြု ခဲ့ရ လေသည် ဤသည်ကို ခြံစည်းရိုးအတွင်းမှ ထွက်ခွါပြီး အိုးသစ်အိမ်သစ် ထူထောင်ခြင်း ဟု သတ်မှတ် ခဲ့ကြ လေသည်။
 
လူစုခွဲ၍ အိုးသစ်အိမ်သစ် ထူထောင်ရန်လာကြသော လူအများစုမှာအချို့က ကုလား တန်မြစ်ဖျား ဒေသမှ အခြေစိုက်နေထိုင်ခဲ့ပြီး ယင်းမှမြစိရိုးအတိုင်း စုန်ဆင်းလာကြသည် အချို့မှုကား အာသံပြည်တောင်ဘက်သို့ အနည်းငယ်ဆင်းလာပြီး ကလတ်ချောင်းမှ ဝင်ရောက်လာကြလေသည် အချို့မှာ ဉဿလင်းချောင်းမှ ဝင်ရောက်လာကြသည် အချို့ က ချောင်လက်ချောင်း အတိုင်းစုန်ဝင်လာကြသည် အချို့မှာ ပလက်ဝနှင့်မတူပီ နယ် စပ်ရှိ ခန်းလုံးတောင်သို့ ရောက်လာပြီး ဆမီးချောင်း မီးချောင်း ရန်ချောင်းနှင့် သရီချောင်း အတိုင်း စုန်ဆင်းလာကြသည်။
 ထိုဒေသတွင် များစွာပြားများနေထိုင်ခဲ့ကြသည် ထိုသို့ ကူလားတန်မြစ်နှင့် ပျံ့နံနေထိုင်ခဲ့ရာ၌ မြစ်ကမ်း တစ်လျောက်ဖြစ်သော ပလက်ဝမြို့နယ် စက်ပြတ်ပြင် ထက်ဝန်းကျင် ချင်းလက်ဝ ဉဿလင်း လက်ချောင်း အထက်ဘလိုင် စသည့် ဒေသ တစ်ဝိုက်တွင်လည်းကောင်း ဉဿလင်းချောင်း ဝကိတူသောင် အောက်ဘလိုင် ကူဝဒေသမျာသို့ ပျံ့နံနေထိုင်ခံ့ကြလေသည်။
 
မြို လူမျိုးများသည် ပလက်ဝမြို့နယ်သို့ အစောဆုံးရောက်ရှိ အခြေချနေ ထိုင်ခဲ့ကြလေ သည် မြိုမျိုးနွယ်စုများသည် ပလက်ဝမြို့နယ်သို့ အခြေပြုပျံ့နံနေထိုင်စဉ် မင်းသားခေါ် စာပတိသည် ဟုန်လော် အမည်ရှိ အမျိုးသမီးနှင့် ဆက်လက်ထိမ်းမြှားပြီး အထက်ဘလိုင် ဒေသတွင် မင်းအဖြစ် စိုးစံခဲလေသည် သို့ရာတွင် အထက်ဘလိုင်ဒေသ၌ မည်မျှကြာ အောင် အခြေချ နေထိုင်ခဲ့သည်ကိုမှု မသိရှိနိုင်ချေ မြို သင်းကြီအောင်လာသည် မီး ဝအောက်ဒေသ တစ်ခုတွင် အခြေချနေထိုင်ပြီး မာရာယု မင်းသား အား ကောက်ယူ မွေးစားနိုင် ခဲ့ခြင်း ထောက်လျင် ပလက်ဝဒေသမှ ကုလားတန်မြစ်အောက်ဘက်သို့ စုန်ဆင်း အခြေချ နေထိုင်ခဲ့ကြပြီး ဟု ယူဆနိုင်ပါသည်။
 
ကိုးကားချက် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂ရ ယင်း စာ၂ရ တိုင်းရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)စာ-၆ရ မောင်မောင်တူ မြိုလူမျိုးစုလက်ရေးမူ ပလက်ဝမြို့ နယ် နိုင်ငံရေးသမိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၉၇၆ စာ-၁၀ လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂၈ ရခိုင်ရာဇဝင် တို့၏ ဖော်ပြချက်အရ မာရာယုမင်းသားသည် ပထမဓညဝီကို ဘီစီ ၃၃၂၅ ခန့်က တည်ထောင်ခဲ့သည်ကို ထောက်လျင် မြို လူမျိုများသည် မြန်မာနိုင်ငံအတွင်းသို့ စတင် ဝင်ရောက်ခဲ့သည့် ကာလမှာ ဘီစီ ၄၀၀၀ မှ ၃၅၀၀ အတွင်း ဖြစ်နိုင်ဖွယ် ရှိပါ သည် ပလက်ဝမြို့နယ်အတွင်းမှ ကုလားတန်မြစ်ရိုးအတိုင်း အောက်ဘက်သို့ စုန်ဆင်း ရခြင်းသည် နောက်ပိုင်းမှအခြားသောလူမျိုးများ တိုးဝင်လာမှုကြောင့်လည်းကောင်း စစ် မက်ပြု၍ နယ်ချဲ တိုးဝင်လာမှုကြောင်းလည်း ကောင်း ရေကြည်ရာ မြက်နု ရာ ဖြစ် သည့် မြေညီရာပြန့်ဖြိုးသော ဒေသများသို့ တိုးချဲ့အခြေစိုက်လိုသည့် အတွက်ကြောင့် လည်းကောင်း ဖြစ်နိုင်ပါသည်။
 
မတူပီမြို့နယ် ခန်းလုံးတောင်ဒေသမှ စဖွေတောင်တန်း ကယက်တောင် တန်း ဒေသ များနှင့် ဆမီချောင်း မီးချောင်ဒေသမျာသို့ စုန်ဆင်းနေထိုင်သူများ သည် နောက်ပိုင်းမှ တိုးဝင်လာသည့် လူမျိုးနွယ်စုများကို အတော်အတန်ခုခံ နိုင်ဟန်ရှိပါသည် ထိုဒေသ များ၌ နှစ်ရှည်ကြာစွာ အခြေချ နေခဲ့ ဟန်တူပါသည် ယကက်တောင်စခန်းတွင် မြို မင်းကြီး ခုနောန်တိန်းသည် မြိုရွာတည်ထောင်ကာ ခြံစည်းရိုး(ရ)ထပ်ဖြင့် အခိုင်အမာ ထီးနန်းစိုက်ခဲ့ကြောင်း မြို မင်းကြီး ခုနောန်တိန်း တွင် ပါစိန် ပါငန် ဟူသော သားနှစ် ပါး ရှိပြီး ကျောက်ပန်းတောင် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မြို့ရွာတည်ထောင်ခဲ့ကြောင်း မြို ရှေ့လူကြီးသူမတို့ အစဉ်လာပြောစကားအရ သိရပါသည်။
 
မြိုမင်းကြီး ခုနောန်တိန်သည် ရခိုင်ရာဇဝင်များ၌ မြိုမင်းကြီး ငတိန်ကာ (ငတိန်)ဟူ ၍ ဖော်ပြ ကြပါသည်။ ရခိုင်ရာဇဝင်လာ ငတိန်၏ သားတော် ငန်တန်သည် သက်ရှင်ဘုရင် ဝရသိဒ္ဓိ၏ သမီးတော် က္ကုန္ဒမာလာကို ခိုးယူပြီး ထွက်ပြေးခဲ့ကြောင်း ၎င်းတို့ မှ မွေးဖွား လာသော ငန်ဆန္ဒန် ပလက်ကောက် ပက္ကစီ ငရက္ခိုက် ညီအစ်ကို တို့သည် အစိမ်စား ကြ၍ ဝေသာလီအား နှောက်ယှက်သဖြင့် မာရယုမင်းသည် ဉီးရီး တော်များဖြစ်သည့် ထိုရန်ကို နိုင်နှင်းခဲ့ရကြောင်း ဖော်ပြပါရှိပါသည်။
 
စာတန်း၏ အထက်တစ်နေရာတွင် ရှေးက မဇ္ဇိုမသားတို့သည် မြို လူမျိုးများ ကို မျောက် လူမျိုးဟူ၍ ခေါ်ဝေါ်ခဲ့ကြောင်း သိရှိနိုင်ပါသည် မျောက်နှင့် ပတ်သက်သည့် အရေးအ သား များကို ရခိုင်ရာဇဝင်ကျမ်း တို့၌ ဖော်ပြခြင်းရှိ/ မရှိ လေ့လာကြည့်သော အခါ အောက်ပါကောက်နုတ်ချက်ကိုတွေ့ရပါသည်။
ထိုအခါ ဟိမဝန္တာတောင်ဝယ် မျောက်ဖိုနှင့် ဆက်မ ကျင်လည်ကြ ၍ နေထိုင်ကြစဉ် တွင် လေမုန်တိုင်း ထန်လျက် မိုးသည်းထန်စွာ ရွာသည်ရှိသော် မှီခိုနေကြသော ပညောင်ပင် သဖန်းပင် တို့သည် လဲ၍ ရေထဲသို့ကျပြီးလျင် ကစ္ဆပနဒီမြစ်ညာမှ အစဉ် အတိုင်း မျောလာသည် ရှိသော် သေလာဂီရိ အမည်ရှိသော ကျောက်တော်တောင်ခြေ ရင်းဝယ် တင်လေ၏ ထိုအခါမျောက်ဖိုနှင့်ဆက်မသည် တောသို့ဝင်၍ မွေးဖွာလေ၏ ထိုသားသမီးတို့တွင် အချို့ကားဘီလူး ဖြစ်သ တည်း အထက်ပါ ဖော်ပြချက်၌ မျောက်ဖို အပြင် ဆက်မ ဟူ၍လည်း ပါလာပါ သည် မျောက်ဖိုနှင့် ဆက်မ တို့ ဆက်နွယ်ပတ်သက်မှုအရ ငဆန်န္ဒန် ဘီလူးဖြစ်လာသည်။
 
ကိုးကားချက် အခြေပြုမြန်မာနိုင်ငံရေး ဘီစီ ၂၆၆၆ ခန့် မောင်မောင်တူ မြိုလူမျိုးစု လက်ရေးမူ 
ညဏ ဓညဝတီသစ် ဓညဝတီအောင်ဇေယျ (မြောက်ဉီး) ရက္ခပူရ ကြေးမူကျမ်း စာ၄၆ ထိုဘီလူး ရန်ကြောင့် ဝေသာလီပြည်ရှင် ဗြဟ္မဒ္ဓိ နတ်ရွာလားရသည့် အကြောင်း ရာဇဝင် အမှတ်အသားများ ရှိပါသည် ဆက်မ ဟူသောဝေါဟာရ၏ ရှင်းတန်းကို ရှာကြည့်သော အခါ သကျသာကီဝံသကို အိန္ဒိယ သံဖတ်လျင် ဆက်သယ ဆာကိဝံသ် ဟု အသံထွက် သည် သကျ ကို သက်လူမျိုး တို့၏ အခေါ်အားဖြင့် ဆက်ကယ ဟုပြော ဆိုကြလေ
သောကြောင့် ငါတို့ကား ဆက်လူမျိုး ဟူ၍၎င်း သက်လူမျိုးဟူ၍၎င်း ခေါ်ရိုးခေါ်စဉ်ရှိကြ၏ ဟူ၍တွေ့ရပါသည် တဖန် သကျ ဟူသော စကားမှာ မြန်မာအသံဖြစ်၍ အိန္ဒိယအသံနှ င့် ဖတ်လျင် (ဆကျ) ဟူ၍ ဖတ်ရပါသည် ဆကျ မှ ဆက်ခြစ်လာ၍ ရခိုင်အသံနှင့် ဆက် ဟူ၍ အသံအနည်းငယ်ရွေးလျား လာခဲ့ပါသည် ယင်းကြောင်းလည်း က္ကန္ဒမာယုကို ဆက် ဟုပြောရခြင်းဖြစ်ပါသည်။
 
တိရစ္ဆန်မဟုတ်ပါ ဟူ၍လည်း တွေ့ရပါသည် အထက် ပါဖော်ပြချက်အရ မျောက်ဖိုသည် မြို အမျိုးသား ဖြစ်လာ၍ ဆက်မသည် သက် အမျိုး သမီး ဖြစ်လာပါသည်။
 

0 Comments:

Post a Comment