ကူကီးချင်း

 Tribes of the North East, Aptani Tribe, Naga Tribes, Manipuri Tribes
ကူကီးလူမျိုးဆိုသည်မှာ
➖➖➖➖➖➖➖➖
ကူကီး kuki ဆိုတာ အာသံ Assam ဘာသာ စကားနဲ့ တောင်ပေါ်သား ကြမ်းတမ်းတဲ့သူတွေလို့ အနက်ရပါတယ်။ ချင်းလူမျိုးအားလုံးကို သုံးနှုန်းတဲ့ အာသံစကားဖြစ်ပါတယ်။ အခုထိ စစ်တကောင်းတောင်တန်း၊ တြိပူရ ပြည်နယ်မှာ ထာဒိုကူကီးတစ်မျိုးတည်းမဟုတ်ဘဲ Kuki-Chin (Chin-Kuki-Mizo-Zomi) ဘာသာစကား အစုဝင်အားလုံးကို ကူကီးလို့ခေါ်နေတုန်းပါ။
 
ရှေးကူကီး (Old Kuki) ဘာသာစကားမှာ Anal, Maring, Monsang, Purum, Kom, Tarao, Chiru, Koireng, Chote, Lamgang, Koirao, Thangal, Moyon များပါဝင်ကြပါတယ်။ နှောင်းကူကီး(New Kuki) ဘာသာစကား အစုမှာ Thadou, Kuki, Gangte, Hmar, Paite, Vaiphei, Zou, Simte, Biate, Suhte, Lushai တို့ပါဝင်ပါတယ်။ ပြောင်းရွေ့ခြင်းနဲ့ ဘာသာ စကားအပေါ်ခွဲခြားခြင်းဖြစ်ပါတယ်။
 
လောလောဆယ် တော့ ထာဒိုကူကီးဘာသာစကားပြော အများစုက ကူကီးကို မူပိုင်အသုံးပြုလိုက်တယ်။ ဒါတောင်မှ concep နှစ်မျိုးရှိသေးတယ်။ Manipur မှာဆိုရင် ကူကီးက ထာဒိုကူကီးသက်သက်ကိုဘဲ ဆိုတယ်။
 
နောက်ခံအကြောင်းရင်း
➖➖➖➖➖➖➖➖➖
ပြောင်းရွေ့မှုနဲ့ပတ်သက်ရင် ရှေးကူကီး(Old Kuki) အစုက ၁၆ ရာစုမတိုင်မီကတည်းက မဏိပူရကို ရောက်နေပြီး ဖြစ်ပါတယ်။ မြေပြန့်နေ မေးသေးအနွယ်တွေနဲ့ မရင်း၊ အနာလ် (Old Kuki) တွေ ကောင်းမွန်တဲ့ ဆက်သွယ်ရေးတွေရှိခဲ့တယ်။ နောက်ပိုင်း ၁၆-၁၈ ရာစုအကြားမှာလည်း နှောင်းကူကီး(New Kuki) အစုတွေ အစုလိုက်ဝင်ရောက်လာပါတယ်။ အဲဒီပြောင်းရွှေ့မှုအတွက် မဏိပူရဘုရင်နဲ့ မြေပြန့်နေကသည်းတွေက အများကြီးကူညီခဲ့ဖူးတယ်။ လူမနေတဲ့နေရာတွေမှာ နေရာပေးခဲ့တယ်။ 
 
ဒါပေမဲ့ အဲဒါကို မဏိပူရနာဂတွေကငြင်းဆိုပါတယ်။ ဘာဘဲဆိုဆို ကသည်းဘုရင်တွေက အဲဒီ ကူကီး-ချင်းအနွယ်တွေကို အသုံးပြုပြီးအင်အားတည် ဆောက်ခဲ့သလို ပတ်ဝန်းကျင် နာဂတွေအပါ်သြဇာ သက်ရောက် အောင်လည်း အသုံးချခဲ့ပါတယ်။
 
၎င်းပဒေသရာဇ်စနစ်၏ဆိုးကျိုးများက လက်ရှိ ကူကီး-နာဂပဋိပက္ခအပေါ် များစွာအကျိုးသက် ရောက်တယ်။
၁၉၈၀ ခန့်ဆီလောက်မှာ နာဂလက်နက်ကိုင်တော် လှန်ရေးပြင်းထန်လာပြီး တန်ကွန်နာဂများကြီးစိုးသော NSCN-M နှင့် မဏိပူရကူကီးတွေ ထိပ်တိုက်တွေ့လာတယ်။ အကြာင်းက မဟာနာဂနိုင်ငံတော် (Greater Naga-Nagalim) တည် ထောင်လိုတဲ့ နာဂများက မဏိပူရနာဂများနေထိုင်တဲ့ နယ်မြေများကိုပါထည့်သွင်းလိုတယ်။ ဒါကို ကသည်းကော၊ ကူကီးကရော လက်မခံနိုင်ပါဘူး။
 
ဒါကြောင့် တန်ကွန်နာဂ တွေ ဦးဆောင်တဲ့ NSCN-IM တွေက ကူကီးများသာမက ကသည်းများနှင့်ပါ ပဋိပက္ခဖြစ်လာရပါတယ်။ Kuki-Naga Clash(1992-1997),Meitei-Tangkul Naga Clash(2001) ဖြစ်ခဲ့ရပြီး အပြစ်မဲ့တဲ့နှစ်ဖက်ကအသက်တွေအများကြီးစတေးလိုက်ရပါတယ်။
 
လက်ရှိအခြေအနေ
➖➖➖➖➖➖
အင်ဂလို-ကူကီးစစ် (သို့)အင်ဂလို-ထာဒိုစစ်ဆိုတာက ၁၉၁၇ ၁၉၁၉ အကြား အဂ်လိပ်နဲ့ ဒေသခံ ထာဒို ကူကီးတွေ အကြားဖြစ်ခဲ့တဲ့ စစ်ပွဲပေါ့။အဲဒီအချိန်မှာ အင်ဂလို-လိုင်(Hakha) စစ်ပွဲတွေလည်းရှိခဲ့တယ်။
ကူကီးတွေ ဒီအခြေအနေကို ဖန်တီးတာက အင်ဒို-နာဂ စေ့စပ်ရေးနဲ့ တိုက်ဆိုင်သလိုဖြစ်သွားတယ်။ နာဂ NSCM-IM ကလည်း ကူကီးလှုပ်ရှား မှုကိုသတိပြုမိပြီး Anglo-Kuki War မဟုတ်ဘဲ Kuki Rebellion သာဖြစ်တာလို့ ဆိုပါတယ်။ ဆိုလိုခြင်းရဲ့နောက်ကွယ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ အငြင်းပွားမှုက အဓိက အဖြစ်ရှိနေပါတယ်။
 
ကသည်းတွေကတော့ မဏိပူရဆိုတာ အားလုံးရဲ့နယ်မြေဖြစ်တယ်၊ဘယ်သူကမှ အပိုင်မစီးရဘူးလို့ဆိုတယ်။ အိန္ဒိယအစိုးရက တပ်လှန့်ထားတယ်။ကျောက်တိုင်တွေက စာသားတချို့ကိုပြင်ခိုင်းပေမဲ့ ကူကီးအဖွဲ့က အပြင် မခံဘူး။
 
ကူကီးရွာတိုင်းမှာ ကျောက်တိုင်စိုက်လိုက်ခြင်းက နာဂတွေကို တပ်လှန့်သလိုဖြစ်သွားတယ်။ မဏိပူရ အစိုးရကလည်း ကျောက်တိုင်ပြန်နှုတ်ဖို့တော့ ပြောတယ်။ ကူကီးတွေက Kukiland proposal ကို ပြန်လှုပ်ရှားလာသလို ကူကီးရဲ့ နိုင်ငံရေးရပ်တည်မှုနဲ့ Indo-Naga-Kuki သုံးပွင့်ဆိုင်မှာ ကူကီးကို အရေးမပေးလို့ အပြင်းအထန် တောင်းဆိုလာတယ်။ အသိမှတ်ပြုခံဖို လိုလားတယ်။ ကူကီးတက်ကြွမှုတွေ အထွဋ်အထိပ် ရောက်လာတယ်။ 
 
အကြံပြုချက်များ
➖➖➖➖➖➖
Kuki တွေဘဝ လုံခြုံမှုနဲ့ အာမခံရဖို့ Kukiland ပြည်နယ်တောင်းလာတာဖြစ်ပေမဲ့ အရင်ဆုံး အခြေ ခိုင်အောင် ပြင်ဆင်ထားဖို့လိုတယ်။တချို့က လွတ် လပ်ရေးအတွက်တောင် ဆော်သြနေတယ်။ကူကီးတွေ စိတ်နည်းနည်း လောတယ်လို့ မြင်တယ်။ အကြံပြုချက်နည်းနည်းရေးချင်ပါတယ်။ အမြင်ကွဲလွဲ နိုင်ပါတယ်။ တကယ်ဆို အခြေခံပြင်ဆင်ထားရမဲ့အချက်တွေ အများကြီးရှိသေးတယ် လို့ထင်တယ်။
 
ပထမအတွင်းစည်း
 ၁) Kuki ကူကီးအမည်ကို ပြန်သုံးသပ်ရမယ်။
မူလက ကူကီးဆိုတာ အားလုံးပိုင်တဲ့နာမည်တစ်ခုပါ။ Thadou-Haokip-Kipngen ဘသာစကား ပြောတွေ ပိုင်တဲ့နာမည်မဟုတ်ခဲ့ပါဘူး။ ခုထိ ဘဂ်လားဒေ့ရှ်နဲ့ တြိပူရမှာ Thadou မဟုတ်တဲ့ ချင်းအနွယ်အားလုံးကို ကူကီးခေါ်တုန်းပါ။အရင်ကတော့ Lushai Kuki, Sim Kuki, Anal Kuki ,Paite Kuki, Thadou Kuki , etcခေါ်ခဲ့တယ်။ ခုတော့ ကူကီးအနက်က ကျုံ့သွားပြီး မျိုးနွယ်တစ်ခု အမည်အမည် အဖြစ်ဘဲကျန်တော့တယ်။
ချန်ဒဲလ်၊ ခန်ပုတ်ပီး၊ ချူရာချန်ပူဖက်ကောစည်းလုံးလိုတယ် ဆိုရင် အားလုံးခြုံနိုင်တဲ့အမည်ကို ဖော်ဆောင် အောင် ကြိုးစားသင့်တယ်။
 
၂) Thadou နဲ့ Kuki အကြားသဘောထားကွဲလွဲမှုကိုအဖြေရှာဖို့လိုမယ်။
ဒါကတော့ ပုဂ္ဂိုလ်ရေးနဲ့ သမိုင်း၊ နာမည်ကိစ္စပါ။ အတွင်းရေးဖြစ်တော့ အေးဆေးဆေးရှင်းလို့ရနိုင်ပါတယ်။ ခုမရလည်း နောက်ပိုင်းတနည်းနည်းနဲ့ဖြေရှင်းလို့ရပါတယ်။ (Col. Solomon စကားအရဆိုရင် ကမ္ဘာ မပျက်သေး သရွေ့ဖြေရှင်းဖို့ရပါသေးတယ်တဲ့)
 
ဒုတိယအတွင်းစည်း
၁) Old Kukiတွေနဲ့စည်းလုံးရေးပြန်လုပ်သင့်တယ်။
Chandel ခရိုင်မှာ အခု နိုင်ငံရေးကြောင့် နာဂပြောင်းကုန်တဲ့ Anal, Maring, Monsang, Purum, Kom, Tarao, Chiru, Koireng, Chote, Lamgang, Koirao, Moyon တွေကို ပြန်လည်စည်းလုံးရေးလုပ်ဆောင်သင့်ပါပြီ။
 
၂) Zomi တွေနဲ့ ဆက်ဆံရေးပြန်တည်ဆောက်ထားရမယ်။
၁၉၉၇ လောက်မှာ Paite-Kuki ပဋိပက္ခဖြစ်ခဲဖူးတယ်။ Kuki လက်နက်ကိုင်တွေနဲ့ Paite တွေကြားက ပြဿနာ ကြောင့်ပါ။ နာဂတွေကိုကူတယ်ဆိုပြီးသံသယဖြစ်ကြတာပေါ့။ နောက်တော့ Mizoram ကကြားဝင် ဖြန်ဖြေပြီး လက်မှတ်ထိုးလိုက်တော့ ငြိမ်းသွားတယ်။ 
 
ဇိုမီးပြန်လည်စည်းလုံးရေးနဲ့ Zomi Movement ကလည်းစခေါင်းထောင်လာတယ်။ Gangte, Sukte, Paite, Vaiphei, Zou, Simte, Biate, အားလုံးပါပေါင်းသွားတယ်။မဏိပူရအရေးမှာ ကူကီးတွေကို အားပေးမဲ့ သူလိုတယ်။ အဲဒါကတော့ ခုဇိုမီးတွေဖြစ်လာပါဘိမ့်မယ်။ သူတို့ကို မိတ်ဖွဲ့ထားဖို့လိုတယ်။ ဇိုမီးက ကူကီးထက် နာဂကို ဆက်ဆံရေးပိုကောင်းနေတယ်။ 
 
တတိယအတွင်းစည်း
၁) Mizoram State,Chin State တွေကို ကျော ထောက်နောက်ခံထားမှ ဖြစ်မယ်။
 
ကူကီးတွေအားနည်းတာက နိုင်ငံရေးလူမှုရေးမိတ်ဖက်မှု အားနည်းတာပါဘဲ။ လူမျိုးတူနာဂလဲန်က မဏိပူရ နာဂအတွက်ရပ်တည်တယ်။ မီဇိုးရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်ကလူတွေကို စိတ်ဝင်စား လာအောင်လည်း မစည်းရုံးနိုင်သလို၊ မိတ်ဖွဲ့ထားခြင်းလည်းမရှိဘူး။ တကယ်ဆို ချင်း-ကူကီး-မီဇိုးက တစ်အုပ်စု တည်းပါ။ ပြည်နယ်နိုင်ငံရေးသမားတွေကို စည်းရုံးပေါင်းထားသင့်တယ်လေ။
 
၂) Manipuri ကသည်းတွေကို လူမှုရေးမှာ မိတ်ဖွဲ့ပြိးဆက်ဆံရမယ်။
နောက်တစ်ခုကတော့ ကသည်းတွေနဲ့အဆင်ပြေဖို့လိုတယ်။ တချက်က သမိုင်းကို မလိမ်ဖို့ပါ။ ကသည်း ဘုရင်တွေ ခွင့်ပြုလို့ရောက်တာကို လက်ခံရမယ်။ အရင်တုန်းကလည်း ကသည်း -ကူကီး ဆက်ဆံရေး ကောင်းခဲ့ သလို ပိုမိုကောင်းမွန်အောင်လုပ်ဖို့လည်းလိုပါတယ်။
 
စတုတ္တစည်း.....နောက်ဆုံးကတော့ အပြင်စည်းပေါ့။
၁) ပြန်သုံးသပ်စေချင်တာက Kukiland ကိစ္စပါဘဲ။ 
 
မဏိပူရမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ် ရထားတာက ထာဒိုကူကီးတွေပါ။ Kangpokpi ခရိုင်ထဲမှာ Sadar Hill Autonomus District ကို ပေးထားတယ်။ တကယ်လို့ Kukiland အတင်းတောင်းရင် နာဂနဲ့ကူကီးရွာတွေက ရောနေတော့ မလွယ်လှပါဘူး။
 
တခြားနိုင်ငံရေးနည်းလမ်းတွေရှာစေချင်ပါတယ်။ Kukiland/ Kuki State တကယ်လိုချင်တာလား။ ဒါမှမဟုတ် ကူကီးကျေးရွာတွေရဲ့ လုံခြုံရေးကို လိုချင်တာလား။ ဒါမှမဟုတ် နာဂက နယ်/အုပ်ချုပ်ရေး/လွတ်လပ်ရေး အဆင့်တောင်းလို့ ကိုယ်မကျန်အောင် တောင်းတာလား ရှင်းလင်းဖို့လိုတယ်။ လွတ်လပ်ရေးဆိုတာ မလွယ်တဲ့ ကိစ္စပါ။ ပညာ ဥပဒေ လူဦးရေ သမိုင်း အများကြီးလိုသေးတယ်။
 
၂) ဥပဒေကြောင်းအရပြည်နယ်သားများ ကာ ကွယ်ရေးပြဌာန်းဥပဒေတွေရှိပြီးသားပါ။
နိုင်ငံ သားရပိုင်ခွင့်နဲ့ အစိုးရကို ဖိအားပေးဖို့ လိုအပ်တာပါ။ တရားဥပဒေစိုးမိုးဖို့က ပိုအရေးကြီးလာပါလိမ့်မယ်။
၃) နာဂတွေကို ဦးမတည်ဘဲ လမ်းကြောင်းပြောင်းတည်ဆောက်ဖို့ လိုပါတယ်။
အပေါ်က အခြေအနေတွေ အဆင့်သင့်မဖြစ်သေးဘဲ တော်လှန်ရေးလုပ်ပြီး ကူကီးပြည်နယ်တောင်းတာက အဆင်မပြေဘူး။ နာဂတွေနဲ့ကော၊ ကသည်းတွေနဲ့ကော အဆင်ပြေမှာ မဟုတ်ဘူး။ 
 
အဆိုးဆုံးကတော့ နာဂဖြစ်ကုန်တဲ့ Old Kuki အုပ်စုနဲ့ Zomi အုပ်စုကတော့ ခလုတ်တိုက်နေအုံးမှာဘဲ။
ဒါကြောင့် ကူကီး ပြည်နယ်တောင်းတာကို နည်းနည်းဆိုင်းငံသင့်တယ်။ ခု Anglo-Kuki War ကို ပြန်ဖော် ထုတ်တာက သမိုင်းကိုဖော်ထုတ်တာ အထိမ်း အမှတ်ရာပြည့်လို့ တခြားသူတွေက မထင်တော့ဘူးလေ။
 
Manipur ကတခြားမျိုးနွယ်တွေ စိုးရိမ်တာက Kuki တွေ ကျောက်တိုင်စိုက်ပြီး မြေကြီးဦးတယ်ဆိုတာပါဘဲ။ ဘိုးဘွားပိုင်မြေ ဆိုတော့ နာဂက အရင်ဆန့်ကျင်လာလိမ့်မယ်။ နာဂကနေ Old Kuki group တွေကို ကူးစက် လာလိမ့်မယ်။ အရင်ကဖြစ်ခဲ့ဖူးတဲ့ Naga-Kuki, Kuki-Paite, Karbi-Kuki ပဋိပက္ခတွေကို သတိရပြီးပညာယူ သတိထားကိုင်တွယ်သင့်ပါတယ်။ ( Ro Sang)

0 Comments:

Post a Comment